မုဒုံမြို့ရှိ ဘုန်းကြီးကျောင်းများသို့ ပစ္စည်းလေးမျိုး ဆက်ကပ်လှူဒါန်း

 

မုဒုံ    စက်တင်ဘာ   ၃၀

 

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင်  မုဒုံမြို့နယ်  ဝဲကလိကျေးရွာနှင့်  ကမာအုပ်ကျေးရွာရှိ ဘုန်းကြီးကျောင်းများသို့  ယမန်နေ့ နံနက်ပိုင်းက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို  မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ  ဦးတင့်ဇော်နှင့်   တာဝန်ရှိသူများတို့က သွားရောက် ဆက်ကပ် လှူဒါန်းသည်။

 

ရှေးဦးစွာ   မုဒုံမြို့နယ်  ကမာအုပ်ကျေးရွာရှိ   မဟာဝိသုဒ္ဒါရုံ     ရွှေကျင်ကျောင်းသစ်  ကျောင်း ဆရာတော်အရှင်ဇောတိဿရက သြဝါဒမြွက်ကြားခဲ့ပြီး မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှလှူဒါန်းသည့်  ဆန် ၇၃ အိတ်၊ ဆီ ၅ လီတာ ၁၂ ဘူး ၊ ကြက်ဥကဒ် ၁၀ ကဒ်၊  ခေါက်ဆွဲ

ခြောက် ၅ ဖာနှင့်  ဝတ္ထုငွေ  ၃၅၀၀၀၀  ကျပ်အား အဆိုပါ   ကျေးရွာများရှိ ဘုန်​ကြီးကျောင်း  လေးကျောင်းတို့ကို  ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)