ငဖဲမြို့နယ်ရုံး (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အိမ်ဆောက် ဂိမ်းပြိုင်ပွဲနှင့် ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community Centre) ခန်းမတွင် အခြေခံပညာ ကျောင်းများမှ ကျောင်းနေအရွယ်ကလေးများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀နာရီ အချိန်က အခြေခံပညာ မူလတန်းဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အိမ်ဆောက်ဂိမ်းပြိုင်ပွဲနှင့် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်းများကို ကျင်းပဆောင်ရွက်ခဲ့သည်။