ဦးစီးဌာန(ရုံးချုပ်)

ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၌ တန်ဆောင်တိုင်ရုံးပိတ်ရက်တွင် လျှပ်စစ်ရောင်စုံမီးများဖြင့် မီးထွန်းပူဇော်ရာဘုရားဖူးလာ ပြည်သူများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်​မြို့နယ် မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၌ တန်ဆောင်တိုင်ရုံးပိတ်ရက် ယနေ့ ညနေ ၆ နာရီ အချိန်တွင် လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် မီးထွန်းပူဇော်ရာတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှစ၍ လပြည့်ကျော်(၁) ရက်နေ့အထိ လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် ဆီမီးပူဇော်ပွဲကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးမည်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှသားအိမ်ခေါင်း ကင်ဆာ ကာကွယ် ဆေး ထိုးနှံပေးမည်ဖြစ်ရာ ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ်များစာရင်းအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက စာရင်းကောက်ယူလျက်ရှိကြောင်းသိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်လုံးဆိုင်ရာ ၂၁ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ လှည့်လည်ပူဇော်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်လုံးဆိုင်ရာ ၂၁ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ လှည့်လည် ပူဇော်ပွဲကို ယမန်နေ့၊ ညနေ(၃)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တစ်ဆင့် မြို့တွင်းလမ်းများ အတိုင်း လောကမာရဇိန်ဘုရားကြီးသိမ်တော်သို့ စီတန်းလှည့်လည်ပူဇော်ခဲ့ကြသည်။

မြောင်းမြမြို့နယ်၊ ကံဘဲ့လေးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​​ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ​ ယမန်နေ့နံနက် ၉ နာရီ က ကံဘဲ့လေးကျေးရွာ သာသနာ့ကာရီ ဘုန်းတော်ကြီးကျောင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ခမောက်ကြီးမြို့တွင် အသက်(၁၂)နှစ်အထက် ကလေးငယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး SINOVAC ဒုတိယကြိမ် ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာ အထက်တန်း ကျောင်းတွင် ယနေ့နံနက် (၀၉၀၀)အချိန်ခန့်က အသက်(၁၂)နှစ် ကလေးငယ်များအား SINOVAC ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။

ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများတို့အား ဆက်လက်ထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများတို့အား ယနေ့ နံနက်(၉) နာရီအချိန်ခန့်က ကာလိမြို့အခြေခံပညာ အထက်တန်း‌ကျောင်း၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပြည်ထဲရေး၀န်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို     ရှမ်းပြည်နယ်(တောင်ပိုင်း)၊   ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

မော်လိုက်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီ က မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ် နှောကုန်း(တောင်)ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည်

ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ မိသားစုဝင်ငွေများ တိုးပွားလာစေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ နှောကုန်း(တောင်) ကျေးရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ခြောက်လ ဘတ်ဂျတ်ဖြင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းကို မှော်ဘီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)