ဦးစီးဌာန(ရုံးချုပ်)

မင်းလှ၌ ယာယီပျံကျဈေးအား မြို့မဈေးကြီးအတွင်း ပြန်လည်‌ဖွင့်လှစ်ရောင်းချခွင့်ပြု

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုလျော့ကျလာသဖြင့် ယနေ့ နံနက် ၆ နာရီမှစတင်၍ ယာယီပျံကျဈေးအား မြို့မဈေးကြီးအတွင်း ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြု ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှသိရသည်။

ချောင်းဦးမြို့ ဥပုသ်စျေးအတွင်း စျေးရောင်းချနေသူများအား ကိုဗစ်-၁၉ ရောဂါရှိ/မရှိစစ်ဆေးပေးပြီး ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ဥပုသ်စျေးအတွင်း စျေးရောင်းချနေသူများအား ယနေ့နံနက် ၉နာရီအချိန်က စတင်ပြီး ကိုဗစ်-၁၉ ရောဂါရှိ/မရှိ နှာခေါင်းတို့ပတ်ယူ စစ်ဆေးပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တကြိမ်မှ မထိုးနှံရသေးသူများအား ပထမအကြိမ် ထိုးနှံပေးခဲ့သည်။

ရွှေပြည်သာမြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ(ပထမ)အကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ရန်ကုန် မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန် မှစတင်၍ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ (ပထမ)အကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို သက်ဆိုင်ရာစုရပ် နေရာများတွင် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ကလေးငယ်များ ပျော်ရွှင်စွာ သင်ကြားလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းနှင့် ကလေးသူငယ်များ ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာမူလတန်း လွန်ကျောင်းတွင် ဆောက်လုပ်လျက်ရှိသော ကျောင်းဆောင်သစ်အား ဖေဖော်ဝါရီလ အကုန်တွင် အပြီးတည်ဆောက်သွားမည်

မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းလွန် ကျောင်းတွင် ဆောက်လုပ်လျက်ရှိသော ကျောင်းဆောင်သစ်အား ဖေဖော်ဝါရီလ အကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာထံမှ သိရသည်။

မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်း ဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

တာချီလိတ်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၏ အထက်ပိုင်းဒေသတွင် နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၁ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး မြို့တွင်း ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ဘိုကလေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၁ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဘိုးဘွားများအတွက် လူမှုရေးပင်စင်(၈၂၈)သိန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ သုံးလတစ်ကြိမ် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၂၀-၂၁ခုနှစ် ဘဏ္ဍာနှစ်အတွင်း ထောက်ပံ့ငွေပေါင်း (၈၂၈)သိန်းကျော် ထောက်ပံ့ပေးအပ်နိုင်ခဲ့သည်။

မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ဝါသီးနှံ အထွက်တိုးဇုံ ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်ပိုင်းက ဝါသီးနှံအထွက်တိုးဇုံ ဆောင်ရွက် ထားရှိသည့် ကျေးရွာများသို့ သွားရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ဗန်းမော်ခရိုင်အတွင်း၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးတိန့်ဆောင်နှင့် အဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီခွဲက ဗန်းမော်ခရိုင် အတွင်း၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဝန်ထမ်းများ တွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)