ဝါးခယ်မမြို့နယ် တောင်အူချောင်းဖျား ကျေးရွာအုပ်စုတွင် ပြည်သူ(၁၂၂)ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဇန်နဝါရီ ၂၅ ရက်နေ့ နံနက်(၈)နာရီက တောင်အူချောင်းဖျားကျေးရွာအုပ်စု ရှိပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။