မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိ စာသင်တိုက်ရှိ ရဟန်းသံဃာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား ပြည်နယ်၀န်ကြီးချုပ် ကြည့်ရှုအားပေး

မော်လမြိုင် ဧပြီ ၁၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့  မဟာမြိုင် ပရိယတ္တိစာသင်တိုက်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကျန်မာရေး ဦးစီးဌာနမှ ဝန်ထမ်းများက နှစ်ဆန်း တစ်ရက်နေ့ ယမန်‌နေ့နံနက် ၉ နာရီမှစတင်၍ မဟာမြိုင်ပရိယတ္တိ စာသင်တိုက် ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် Covishield ဆေးကို ပရိယတ္တိ စာသင်တိုက်ရှိ ရဟန်း၊ သံဃာတော် အပါး ၇၀ အားထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်