အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအမျိုးမျိုး၏ ဆိုးကျိုးနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည် ပြီး ရှောင်ကြဉ်နိုင်ရန် ရည်ရွယ်၍ ချောက်မြို့ အထက(၃)ကျောင်း စိုးမေတ္တာခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။