အခြေခံပညာကျောင်းများတွင် စာဖတ်ဝိုင်းပြုလုပ်

လွိုင်လင် ဇူလိုင် ၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ ဝန်ထမ်းများက လွိုင်လင်မြို့ အအမှတ်(၃)ခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည်တိုက် ဝန်ဆောင်မှုဖြင့် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ပေးရခြင်းမှာက ကျောင်းသား လူငယ်များအား ကျောင်းသင်ခန်းစာအပြင် အခြားပြင်ပဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး ကျေးရွာအရောက် ကွင်းဆင်း၍ စာဖတ်ဝိုင်းများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ကျောင်းသား /ကျောင်းသူများကို၊ စာဖတ်စွမ်းရည် တိုးတက်စေရန်အတွက် တိုင်းရင်းသားရိုးရာ ပုံပြစာအုပ်များ၊ ကဗျာစာအုပ်များနှင့် ပြည်သူ့နီတိစာအုပ်များကို ဖတ်ရှု့စေပြီး တစ်ဦးခြင်းအလိုက် ဖတ်ရှု့ပြီးသည့်စာအုပ်များကို ပြန်လည်ပြောပြစေခြင်းဖြစ်ကြောင်းနှင့် အလားတူ ကျေးရွာအခြေခံ ပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးထံမှ သိရသည်။

အယ်မင်း(လွိုင်လင်)