ဦးစီးဌာန(ရုံးချုပ်)

ပြင်စလူမြို့၌ Book Club အဖွင့်ဝင်များနှင့် လက်တစ်ကမ်းမှ ရွှေနည်းလမ်းများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် Book Club အဖွဲ့ဝင်များက လက်တစ်ကမ်းမှ ရွှေနည်းလမ်းများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁နာရီအချိန်က ပြင်စလူမြို့ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်း မ၌ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းအား ကွန်ပျူတာဖြင့် Software Program စာရင်း ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ၀န်ထမ်းများက နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်းလုပ်ငန်းကို GTC ကျောင်း၌ ယမန်နေ့နံနက်ပိုင်းမှစတင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ(ရူပဗေဒ)ဘာသာရပ် ဆက်လက်ဖြေဆို

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျည်းမနားမြို့နယ်တွင် ၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ(ရူပဗေဒ)ဘာသာရပ်အား ယနေ့ နံနက် (၉)နာရီမှ စတင်ကာ စာစစ်ဌာနအလိုက် စတင်ဖြေဆိုကြကြောင်း သိရသည်။

မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓါတုဗေဒ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ သင်္ချာဘာသာရပ်အား ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ မြန်မာ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်းဖြေဆိုလျှက်ရှိရာ မြောက်ဦးမြို့နယ်အတွင်း စာစစ် ဌာန(၇)ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၃၉၂)ဦးတို့က တည်ငြိမ်အေးချမ်းစွာ ဝင်ရောက် ဖြေဆိုလျက် ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ မီးသတိပြု သုံးစွဲနိုင် စေရန်နှင့် မီးလောင်မှုများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများအား မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော် ခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လှည့်လည်နှိုးဆော်ခဲ့သည်။

အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေးကြီးကြပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြီးကြပ်‌ခဲ့ကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား ကျောင်းသူ (၁၄၃၉) ဦး ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ တက္ကသိုလ်ဝင် စာမေးပွဲများကို မတ်လ ၃၁ ရက်နေ့မှစ၍ ကျင်းပလျက်ရှိရာ  ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၁၄၃၉) ဦး အေးချမ်းစွာဖြင့် ဖြေဆိုလျက် ရှိကြောင်းသိရသည်။

ချောင်းသာမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူဦးရေ ၉၀ ရာခိုင်နှုန်းကျော်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာ) ဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၉၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရှိရ သည်။

ထန်းတပင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၇၇၃)ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲသို့လည်း ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်အတွင်းရှိ ကျောင်းတွင်းနှင့် ကျောင်းပြင်ပကျောင်းသား၊ ကျောင်းသူ (၇၇၃)ဦးတို့ ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်းလည်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)