မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

မိုင်းယောင်း ဇူလိုင် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ဒွန်းနွဲ့၊ မိုင်းလွေနှင့် ကော်ဆမ်မိန်းကျေးရွာရှိ ပြည်သူများအား ဘမန်နေ့က ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Doseကို သက်ဆိုင်ရာဆေးထိုးစုရပ်၌ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးသည်။

ပြည်သူများ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန(ရှေ့တန်းရုံး)မှ မိုင်းယုမြို့ဦးစီးမှူး ဦးစိုင်းနေမွန်းငြိမ်း၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား အားပေးစကားပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း