ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုးကျွန်းမြို့နယ်သို့ သင်္ဘောခရီးစဉ်ဖြင့် ရောက်ရှိ လာသော ခရီးသည် ၅၈ ဦးနှင့် သင်္ဘောသား ၁၂ ဦး စုစုပေါင်း ၇၀ ဦးအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကိုဗစ်ထိန်းချုပ်ရေး ကော်မတီတို့ ပူပေါင်းပြီး ကိုယ်အပူချိန်တိုင်းခြင်းနှင့် လိုအပ်သော ကျန်မာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။