ရေဇွာ အောက်တိုဘာ ၂၁
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို၊ မြို့ဝင်ဆိုင်းဘုတ် လမ်းဘေးဝဲ/ယာ တစ်လျှောက်တွင် သန့်ရှင်းသာယာလှပပြီး မြို့အင်္ဂါရပ်များ နှင့်အညီဖြစ်စေရန်အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
"မိုးတွင်းကာလတွင် ခြုံနွယ်ပိတ်ပေါင်းများဟာ လျင်မြန်စွာ ပေါက်ရောက်တာ ဖြစ်ပါတယ်၊ ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်လာတာနဲ့ အမျှခြင်ပေါက်ဖွားမှု များလာနိုင်တယ်၊ အဲဒါကြောင့် ခြင်ပေါက်ဖွားမှု လျော့နည်းပြီး ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်စေရန် ရည်ရွယ်ပြီး မြို့အဝင်/အထွက် လမ်းဘေးဝဲ၊ယာတွင် ခြုံနွယ်ပိတ်ပေါင်းများ၊ အမှိုက်များ၊ ရေမြောင်းများတွင် ရေမဝပ်အောင် ဆောင်ရွက်ကြတာ ဖြစ်ပါတယ်၊ မြို့တွင်းလမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ခြင်းများကို လာမယ့်အပတ်တွင် ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်" ဟု မြို့စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးပိုင်ခူးက ပြောကြားခဲ့သည်။
အဆိုပါမြို့အဝင်/အထွက်လမ်းများ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ရာတွင် မြို့စည်ပင်သာယာရေး ကော်မတီဝင်များ၊ စည်ပင်ဝန်ထမ်းများ ပူးပေါင်းပြီး ရေဇွာ-ဟားခါးလမ်းနှင့် ရေဇွာ-မတူပီမြို့ အဝင်/အထွက် လမ်းဘေးဝဲ/ယာရှိ ခြုံနွယ်ပိတ်ပေါင်းများ နှင့် အမှိုက်များအား စုပေါင်းသန့်ရှင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)