အင်ဂျန်းယန် အောက်တိုဘာ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပေးပို့လာသော ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရမည့် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲလက်မှတ်များအား ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွက် ရရှိမည့် အရေအတွက်အတိုင်း ပြည့်/ မပြည့်၊ စွန်းထင်းစုတ်ပြဲနေသော ဆန္ဒမဲလက်မှတ်များပါဝင်မှု ရှိ/ မရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ်များ ဟုတ်/ မဟုတ်၊ ပါဝင်ရမည့် ကိုယ်စားလှယ်လောင်းအရေ အတွက် မှန်/ မမှန်၊ ကိုယ်စားလှယ်လောင်းများ၏အမည်နှင့် အသုံးပြုသင်္ကေတ(Logo)များမှန်ကန်မှု ရှိ/ မရှိတို့ကို ယမန်နေ့နံနက် ၉ နာရီက ဆန္ဒမဲလက်မှတ်များ ထိန်းသိမ်းထားရှိသည့် အင်ဂျန်းယန် မြို့မ ရဲစခန်း၌ ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒမဲလက်မှတ်များ စစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲလက်မှတ် (၄၂) အုပ်၊ အမျိုးသားလွှတ်တော်အတွက် ဆန္ဒမဲလက်မှတ် (၄၉)အုပ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) အတွက် ဆန္ဒမဲလက်မှတ်(၂၇)အုပ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)အတွက် ဆန္ဒမဲ လက်မှတ် (၁၇)အုပ်၊ ဗမာတိုင်းရင်းသားအတွက် ဆန္ဒမဲလက်မှတ်(၁၂)အုပ်၊ ရှမ်းတိုင်းရင်းသား အတွက် ဆန္ဒမဲ လက်မှတ် (၁၂)အုပ်၊ လီဆူတိုင်းရင်းသားအတွက် ဆန္ဒမဲလက်မှတ်(၅)အုပ်၊ ရဝမ်တိုင်းရင်းသား အတွက် ဆန္ဒမဲလက်မှတ်(၃)အုပ် လက်ခံရရှိကြောင်း ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်လင်းအောင်ထံမှ သိရှိရသည်။
ကျော်စိုးနိုင်(ပြန်/ဆက်)