မြို့လှမြို့တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းအမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေး ထိုးနှံ

မြို့လှ အောက်တိုဘာ ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့တွင် အသက်()နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် နာရီက ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးခန်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ကျန်းမာရေးဆရာမ ဒေါ်မေသဉ္ဇာအေးက ကာကွယ်ဆေးထိုး လာရောက်သူ အမျိုးသမီးငယ်များ အနေဖြင့် မိမိတို့၏ မွေးစာရင်းများကို တစ်ပါတည်း ယူဆောင်လာကြရန်နှင့် သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေး ထိုးနှံခြင်းဖြင့်  (HPV) ပိုးကြောင့် ဖြစ်တတ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပေါ်တတ်သော ကင်ဆာရောဂါများကို ကာကွယ် ပေးနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့လှမြို့ပေါ်ရပ်ကွက်များရှိ ၂၀၁၀ ခုနှစ် စက်တင်ဘာလမှ ၂၀၁၁ ဩဂုတ်လအတွင်း မွေးဖွားသည့် အသက်()နှစ်မှ (၁၀)နှစ်အရွယ်ရှိ အမျိုးသမီးငယ်(၂၆)ဦးအား ကျေးလက်ကျန်းမာ ရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များ နှင့်အညီ သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးများကို ထိုးနှံပေး ခဲ့ကြကြောင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ (Stay at Home) အမိန့်ကြေငြာထားသော မြို့နယ်များမှ လွှဲ၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်တွင် (၂၀.၁၀.၂၀၂၀)ရက်နေ့ မှစတင်၍ သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို ထည့်သွင်းထိုးနှံ ပေးလျက်ရှိကြောင်း ကျေးလက် ကျန်းမာရေးဌာနမှ သိရသည်။

ကျော်မင်းနိုင်(ပြန်/ဆက်)