ဟားခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း(RCDP)ကို မြို့နယ်အတွင်းရှိကျေးရွာ၏ ၁၀ ရာခိုင်နှုန်းကို စတင်ဆောင်ရွက်မည်
ဟားခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရပ်ရွာလူထု၏ စွမ်းဆောင်ရည် မြင့်မားရေးအပေါ် အခြေတည်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူထုကိုယ်တိုင် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားလာစေပြီး လူနေမှုအဆင့်အတန်းမြင့်မားလာကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်နိုင်စွမ်းအား ကောင်းလာစေရန်ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း(RCDP)ကို မြို့နယ် အတွင်းရှိ ကျေးရွာ၏ ၁၀ရာခိုင်နှုန်းကို စီမံကိန်းထောက်ပံ့ငွေ စတင် ထောက်ပံ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။