မံစီ ဒီဇင်ဘာ ၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းတွင် ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ ဒေါက်တာမျိုးမြင့်အောင် ဦးဆောင်သည့် နယ်လှည့် အခမဲ့တီဘီရောဂါ ရှာဖွေကုသရေးအဖွဲ့ ဆေးကုသရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။
တီဘီသံသယလူနာများအား အခမဲ့ဓာတ်မှန်ရိုက်ပေးခြင်း၊ သလိပ်စစ်ပေးခြင်းနှင့် တီဘီရောဂါရှိသူများကို တီဘီဆေးဝါးများ အခမဲ့ကုသပေးခြင်းတို့ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။
ဆေးကုသရေးလုပ်ငန်းများကို မံစီမြို့နယ်အတွင်း၌ ဒီဇင်ဘာ ၅ ရက်နေ့အထိ ဆောင်ရွက် သွားမည်ဖြစ်ပြီး ဟန်ထက်ကျေးရွာ၊ မိုင်းခေါင်ကျေးရွာ၊ စီအူကျေးရွာ၊ နောင်ဟူးကျေးရွာ စသည့်ကျေးရွာများ၌ လှည့်လည်ကွင်းဆင်းကုသ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ရိန်(ပြန်/ဆက်)