ဝေးလံခေါင်ဖျားဒေသသတင်းများ

ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ နှစ်ဦးတို့အား ရိခေါ်ဒါရ်မြို့ အထကခွဲ Facility Quarantine နေရာ၌ အသွားအလာ စောင့်ကြည့်ထားရှိ

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား နှစ်ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြပြီး အထကခွဲကျောင်းရှိ Facility Quarantine နေရာ၌ (၁၄)ရက်ကြာ အသွားအလာကန့် သတ်စောင့်ကြည့်ရန်ထားရှိ ခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask များ အခမဲ့ဖြန့်ဝေပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်းရှိ လူသွားလူလာများပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ Mask အခမဲ့ ဖြန့်ဝေပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ကန်ပက်လက်မြို့၌ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ (DMO)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် နေရာသစ် (၂)ခုအား ကွင်းဆင်းကြည့်ရှု

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ (DMO)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က သဘာဝအခြေခံ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် နေရာသစ်(၂)ခုအား ၂၀၂၀ပြည့်နှစ် ယမန်နေ့က ကွင်းဆင်းကြည့်ရှု ခဲ့ကြသည်။

ချီဖွေမြို့နယ်၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ မွေးကင်းစမှ အသက် နှစ်နှစ်အောက် ကလေးငယ်များကို ယမန်နေ့ နံနက် ၉ နာရီတွင် ရစ်လောခေါင်ရပ်ကွက် KBC နှစ်ခြင်းအသင်းတော် ဘုရားကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ တာချီလိတ်ကပြန်လာသည့် အမျိုးသမီးနှစ်ဦးထံမှ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်လောက်ကျေးရွာအုပ်စု၊ နမ့်လောက်ကျေးရွာတွင် တာချီလိတ်မှပြန်လာသည့် အမျိုးသမီးငယ် ၂ဦးထံက ယမန်‌နေ့ ညနေ ၅နာရီခွဲအချိန်ခန့်က မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနက Antigen (RDT)Test Kitဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်၍ အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၆ နာရီခွဲက ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အိမ်အပြင်သို့ထွတ်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင် သွားလာရေး အသိပညာပေးခြင်း Mask Campaign ကို ယမန်နေ့ နံနက် ၁၀ နာရီက ဗိုလ်ချုပ်လမ်း နောင်ဖါလမ်းခွဲရှေ့၌ အရှိန်အဟုန်မြှင့်၍ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

မိုင်းပျဉ်းမြို့၌ တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါပိုးရှိသူတစ်ဦး စစ်ဆေးတွေ့ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ တတိယအကြိမ်မြောက် ကိုဗစ်- ၁၉ ရောဂါ ပိုးရှိသူတစ်ဦးအား ယမန်နေ့ နေ့လည် ၁ နာရီခွဲကစစ်ဆေးတွေ့ရှိခဲ့ကြောင်းမြို့နယ် Coronavirus Disease 2019 ( Covid-2019) ကာကွယ်ထိန်းချုပ်၊ကုသရေး ကော်မတီမှသိရသည်။

ဟားခါးမြို့သို့ဝင်ရောက်လာသည့် ကုန်တင်ယာဉ်နောက်လိုက် အမျိုးသား(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိမော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသောအချက်များနှင့့််အညီ မော်တော်ယာဉ် ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်များ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ အား Swab နမူနာ စစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ အောက်တိုဘာလ ၉ ရက်နေ့မှစတင်၍ ဟားခါးမြို့အဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စတင်စစ်ဆေးခဲ့ရာ ဒီဇင်ဘာလ ၂ ရက်နေ့က ကုန်တင်ယာဉ်နောက်လိုက်အမျိုးသား(၁)ဦးတွင် COVID-19 ရောဂါပိုးထပ်မံတွေ့ရှိ၍ ရောဂါပိုးတွေ့ရှိ သူပေါင်း (၆)ဦးအထိရှိလာကြောင်း ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်ထံမှသိရှိရသည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့လူနာတစ်ဦးဆေးကုသမှုခံယူရန် ရောက်ရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ တစ်ဦးသည် ယမန်နေ့ ညနေ ၅ နာရီက ဆေးကုသမှု ခံယူရန် ရောက်ရှိကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ