ဝေးလံခေါင်ဖျားဒေသသတင်းများ

ဆဒုံးမြို့၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ ဆဒုံးမြို့၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ် (၁၂) နာရီတွင် ကျန်းမာရေး ဆေးပေးခန်းတွင် ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့ ၌ World AIDS Day အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ World AIDS Day အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်ခန့် က ကွန်ဟိန်းမြို့ ၊ ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ခါမ်းပါတ်မြို့တွင် ကောက်ရိတ်ရာသီ၌ လုပ်သား အင်အား စုများ ပုံမှန်ဝင် ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊ခါမ်းပါတ်မြို့အတွင်းရှိ ဒေသခံလုပ်သားအင်အားစုများအ နေဖြင့်ကောက်ရိတ်ရာသီတွင် နေ့စဉ် မှန်ဝင်ငွေ ရရှိလျက်ရှိကြ ကြောင်းသိရသည်။

ထန်တလန်မြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရေး ကွင်းဆင်း စစ်ဆေး

ချင်ပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အ​နေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲက ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

ခိုင်ကမ်းမြို့ ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ နှစ်ဦး ထပ်မံတွေ့ရှိ

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ နေ့စဉ်စစ်ဆေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၈ ဦးကို Test Kit ဖြင့် စစ်ဆေးရာတွင် ကလေးမှ ရိခေါ်ဒါရ်သို့ ကုန်စည်ပစ္စည်းများ ပို့ဆောင်မောင်းနှင်မည့် ယာဉ်​​မောင်းနှစ်ဉီးတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိကြောင်း သိရသည်။

ကန်ပက်လက်မြို့၌ ဒေသထွက်ဝဥများ ယခင်နှစ်ထက် စျေးအနည်းငယ်‌ကျဆင်းနေ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ဒေသထွက်ဝဥများကို နိုဝင်ဘာလပထမပတ် ဝန်းကျင်၌ စတင် ရောင်းဝယ်မှုများ ပြုလုပ်ခဲ့ကြရာ ယခင်နှစ်ထက် စျေးအနည်းငယ် လျော့နည်း လျက်ရှိကြောင်း သိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၏ (၂၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နယ် မဟာမုနိ(ဗဟို) ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်၌ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များစုပေါင်းကာ ( ၂၆ )ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့နယ်ရှိ မုန်းလိုက်တံတားကျန်းမာရေးစစ်ဆေးရေးဂိတ်အား ည ၉ နာရီအချိန်မှ နံနက် ၈ နာရီအချိန်အထိ ဖြတ်သန်းသွားလာခွင့်မပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မုန်းလိုက်တံတားစစ်ဆေးဂိတ်အား နိုဝင်ဘာလ ၃၀ ရက်နေ့ကစတင်၍ ည ၉ နာရီအချိန်မှ နောက်တစ်နေ့ နံနက် ၈ နာရီ အချိန်အထိ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

မိုင်းပျဉ်းမြို့မစျေးနှင့် ယာယီပျံကျစျေးတို့တွင် နေ့စဉ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက် ပျံ့နှံ့မှုမရှိစေရန် စျေးရောင်းသူနှင့် စျေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ မြို့မစျေးနှင့်ယာယီပျံကျစျေး တို့တွင် နေ့စဉ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နန်းမယ်ခုံမြို့တွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းစံကွက် ရိတ်သိမ်းခြင်းဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလတွင် စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းစံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် နန်းမယ်ခုံမြို့ ၊ ခေါ်ခုကယား ရပ်ကွက်နေ တောင်သူ ဦးဖရေးရယ်၏ လယ်မြေ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ