ဝေးလံခေါင်ဖျားဒေသသတင်းများ

မံစီ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး​နှိုးဆော်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ် ဦးစီးဌာနမှ ယမန်နေ့ ညနေ ၄ နာရီက အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး​နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

တီးတိန်၌ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းနှင့် အပြင်သွားပါက နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့မရပ်ကွက် နာရီစင်အနီးတွင် ဆောင်ရွက်ကြောင်း သိရသည်။

ဟားခါး၌ ကိုဗစ်-၁၉ ရောဂါ Case-104756, Case-104757နှင့် Case-104758 တို့တွင် ရောဂါပိုးကင်းစင်သဖြင့် တိုင်းရင်းဆေးရုံမှ ဆင်းခွင့်ပြု

ချင်းပြည်နယ် ဟားခါးမြို့မှ COVID-19 ရောဂါပိုးတွေ့ရှိသူ Case-104756,Case-104757နှင့် Case-104758တို့ကို ဟားခါးမြို့ တိုင်းရင်းဆေးရုံကြီးသို့ ကြီးကြပ်ကန့်သတ်၍ ဆေးကုသမှု ခံယူနေရာမှ ဓာတ်ခွဲစစ်ဆေးမှုတွင် (၂)ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိရတော့သဖြင့် ယမန်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုပြီ ဖြစ်ကြောင်း သိရသည်။

ရှင်ဗွေယန်မြို့၌ စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးဆွေးနွေးခြင်း Talk Show အစီအစဉ်ပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ (၂)နာရီတွင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ရှင်ဗွေယန်မြိုတွင် နန်းယွန်းမြို့နယ်မှ ပိုးတွေ့လူနာ၂ ဦး တည်းခိုသွားသော SEA SUN STAR MOTEL အား ကန့်သတ်နယ်မြေအဖြစ် ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ကိုဗစ်-၁၉ ရောဂါ၊ ထိန်းချုပ် ကာကွယ် တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းဆောင်ရွက်ချက်အရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်တောင်မြို့တွင် ရေအားလျှပ်စစ်တည်ဆောက်နိုင်ရေးအတွက် ရှေးဦး သုတေသနပြုလုပ်ရန် မန္တလေးမြို့မှ နန်းယွန်းမြို့သို့ သွားရောက်မည့် ခရီးသည် ၄ ဦးသည် ရှင်ဗွေယန်မြို့တွင် တည်းခိုသွားပြီး နန်းယွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဆေးစစ်ခဲ့ရာ(၂)ဦး၌ ပိုးတွေ့ရှိကြောင်းသိရပါသည်။

ပြင်စလူမြို့တွင် မသန်စွမ်းသူများအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မသန်စွမ်းသူများ အသိပညာပေး (Talk Show)အစီအစဥ်ကို ယနေ့နေ့လည်(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့ပေါ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွှဲရောက်ရှိမှု မရှိစေရေးနှင့် သယ်ယူပို့ဆောင်ရောက်ရှိမှု ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

ဟားခါးမြို့ပေါ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွှဲရောက်ရှိမှု မရှိစေရေးနှင့် သယ်ယူပို့ဆောင်ရောက်ရှိမှု ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ပေါ်ရပ်ကွက်များရှိ စျေးဆိုင်များတွင် စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ခိုင်ကမ်းမြို့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အများပြည်သူဗဟုသုတရရှိနိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို Online မှတစ်ဆင့် နေ့စဉ် Facebook Page မှ ထုတ်လွှင့်ပြသလျက်ရှိပါသည်။

ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်း ဆွေးနွေးပွဲကျင်းပ

ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများ၊ ပြင်ပလူမှု အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

ထန်တလန်မြို့၌ စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိစစ်ဆေး

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန Food and Drug Administration (FDA) ဝန်ထမ်းများနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကော်မတီဝင်များ ပူးပေါင်း၍ မြို့ပေါ်ရှိ စားသောက် ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သည့် အစားအသောက်များ၊ ဆေးဝါးများ၊ သက်တမ်း ကုန်ဆုံးသော အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ