ပူတာအိုခရိုင်အဆင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသော လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အဆင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသော လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ပူတာအိုမြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။