မံစီမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေ များ ထပ်မံပေးအပ်

မံစီ  ဩဂုတ် ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင် ငွေကျပ်(၂ဝ၀၀၀)နှုန်းဖြင့် ထပ်မံ ထောက်ပံ့ပေးအပ်သည့်ငွေများကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ထောက်ပံ့ငွေများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်တို့က အမှာစကားများပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ပြည်သူများအတွက် ထောက်ပံငွေများကို ရပ်ကွက်ကျေးရွာ တာဝန်ရှိသူများအား လွဲပြောင်းပေးအပ်ခဲ့ကြသည်။

ကိုဗစ်- ၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မံစီမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရက တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ဒုတိယအကြိမ် ထပ်မံပေးအပ်ခြင်းဖြစ်ပြီး ပထမအကြိမ်ထောက်ပံ့ခဲ့သည့် အိမ်ထောင် ၃၁၃၆ စုအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၆၂၇၂၀၀၀၀ ကျပ်ကို ထပ်မံ ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

ရိန်(ပြန်/ဆက်)