၂၀၁၉−၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ခရိုင်အတွင်းမှ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲ ဟားခါး၌ကျင်းပ

ဟားခါး  သြဂုတ်၂၁

ချင်းပြည်နယ်အတွင်း ၂၀၁၉၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် လူရည်ချွန် မောင်မယ်များအနက် ဟားခါးခရိုင်အတွင်းမှ လူရည်ချွန်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက  ပြည်နယ်ပညာရေးမှူးရုံး တောင်ဇလပ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဟားခါးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့် ချင်းပြည်နယ် ပညာရေးမှူး ဦးဘီကူးဒူတို့က လူရည်ချွန် ဂုဏ်ပြုရခြင်း နှင့်ပတ်သက်၍ အသီးသီး အမှာစကား ပြောကြားသည်။

ထို့နောက် ဟားခါးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက ဟားခါးမြို့ ..က()ကျောင်းမှ ၂၀၁၉၂၀၂၀ ပညာသင်နှစ်တွင် () ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် လူရည်ချွန် () ထပ်ကွမ်း မောင်မာစတာကျုံးချင်းဆန် အားလည်းကောင်း၊ ()ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် လူရည်ချွန် ()ထပ်ကွမ်း မထာလှေတီလ်အား လည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး ပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူက နဝမတန်းမှ လူရည်ချွန် ဆုရကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ ဟားခါးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက အဌမတန်းမှ လူရည်ချွန် ဆုရကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း အသီးသီး ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းနောက် လူရည်ချွန်များ မွေးထုတ်ပေးခဲ့သည့် ဟားခါးမြို့ ..က()ကျောင်းနှင့် အ..က() ကျောင်းအုပ် ဆရာကြီးများအား ဟားခါးခရိုင်ပညာရေးမှူး ဦးဗန်ဘိခ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရပြီး ၂၀၁၉၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဟားခါးခရိုင်အတွင်း ဟားခါးမြို့ ..က()မှ လူရည်ချွန်()ဦး၊ ..က()မှ လူရည်ချွန်()ဦး စုစုပေါင်း()ဦး ပေါ်ထွက်ခဲ့ကြောင်း သိရသည်။

ကျော်စွာဟိန်း ခရိုင်(ပြန်/ဆက်)