ဖြူးမြို့နယ်၌ Placement Test (အထူးအစီအစဉ်) ဖြင့် စာမေးပွဲ စတင်ဖြေဆို

 ဖြူး ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့ နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြင်ပသို့ ရောက်ရှိသွားသော ကျောင်းနေအရွယ်ကလေးများအား ကျောင်းသို့ ပြန်လည်ရောက်ရှိရေးအတွက် Placement Test (အထူးအစီအစဉ်) ဖြင့် အရည်အချင်းစစ်ဆေးခြင်းကို စာစစ်ဌာနဖြစ်သည့် အ.ထ.က (၁) ကျောင်း၌ ယမန်နေ့နံနက်ပိုင်းတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ Placement Test (အထူးအစီအစဉ်) ဖြင့် အရည်အချင်းစစ်ဆေးမှု ဖြေဆိုရာတွင် စာရင်းပေးသွင်းသူ (၄၆၂) ဦးရှိပြီး Grade-1 တွင် (၁၃) ဦး၊ Grade – 2 တွင် (၇၅) ဦး၊ Grade-3 တွင် (၇၉) ဦး၊ Grade-4 တွင် (၇၅) ဦး၊ Grade-5 တွင် (၆၂) ဦး၊ Grade-6 တွင် (၅၅) ဦး၊ Grade-7 တွင် (၃၈) ဦးနှင့် Grade-8 တွင် (၃၁) ဦး စုစုပေါင်း (၄၂၈) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)