တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများအားပညာသင်စရိတ်နှင့်ကျောင်းသုံး ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ တက္ကသိုလ်အဆင့်နှင့် အခြေခံပညာကျောင်းများသို့ တက်ရောက်ကြမည့် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။