သုံးခွ၌ မိုးစပါးတိုက်ရိုက် မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးခြင်းသရုပ်ပြ၊ မျိုးစေ့နှင့် ပဲတီစိမ်း (GAP) ပေးအပ်
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် မိုးစပါးတိုက်ရိုက် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်း သဘာဝမြေသြဇာပေးအပ်ခြင်း၊ မျိုးစပါးထောက်ပံ့ပေးအပ်ခြင်း၊ ဟင်းသီးဟင်းရွက်မျိုးစေ့များထောက်ပံ့ခြင်းနှင့် ပဲတီစိမ်း(GAP) ပေးအပ်ခြင်းအခမ်းအနားကို သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာအုပ်စုရှိ၊ ကွင်းအမှတ် ၈၄၆ A၊ ဦးပိုင်အမှတ်(၇/၂)၊ရှိ ဦးမောင်မြင့်၏ တောင်သူပညာပေးရှင်းလင်းဆောင်တွင် ဇွန် ၁၇ ရက် နံနက် ၈ နာရီက ကျင်းပသည်။