အမြို့မြို့အနယ်နယ်သတင်းများ

ပုဇွန်တောင်မြို့နယ်၌ Grade-1 to Grade-8 အထိ အခြေခံပညာအဆင့်အလိုက် Placement Test (အထူးအစီအစဉ်) ဖြင့် စာမေးပွဲစတင်ဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Grade-1 to Grade-8 အထိ အခြေခံပညာအဆင့်အလိုက် Placement Test (အထူးအစီအစဉ်) စာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ဒုတိယနေ့အဖြစ် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ကြီးကြပ်ရးအဖွဲ့များအား ရှင်းလင်းဆွေးနွေး 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရွေးချယ်နိုင်ရေးကြီးကြပ်ရးအဖွဲ့များအား ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်‌‌ရေးဥပဒေ၊ နည်းဥပဒေများ ချပြရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စည်ပင်သာယာရေးရုံးရှိ မြို့နယ်ခန်းမ၌ ကျင်းပသည်။

မြစ်ကြီးနားမြို့၌ လမင်းစီမံချက်ဖြင့် ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံတော်အစိုးရ ၏ ရက် ၁၀၀ လမင်းစီမံချက်ဖြင့် အသက် (၁၀)နှစ်ပြည့် ကျောင်းသား/ ကျောင်းသူများအား ဥပဒေ နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။

ရွှေဘိုမြို့၌ (Placement Test) ဖြင့် စာမေးပွဲ ဆက်လက်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Placement Test (အထူးအစီအစဉ်) စာမေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ရွှေဘိုမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ အင်္ဂလိပ်စာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တနိုင်းမြို့တွင် ရေဘေးအန္တရာယ်နှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ ဆင်ဆာ့ကောင်းရပ်ကွက်တွင် ရေဘေးအန္တရာယ်နှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ရပ်ကွက်အတွင်း တနိုင်းချောင်း၌ ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်၌ စာရေးဆရာအသင်း အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စာရေးဆရာအသင်း အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂:၃၀) အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်တင်ဇာစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဝေ (မောင်စိမ်းညို) ပေါင်နှင့် စာ‌ရေးဆရာအသင်းဝင်များ တက်ရောက်ခဲ့ကြသည်။

လေရှီးမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားပြုလုပ်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် သစ်တောဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့ ပူးပေါင်းပြုလုပ်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၉) နာရီအချိန်က မြို့မရပ်ကွက်၊ စည်ပင်သာယာ ရေလောင်ကန်အနီးရှိကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေကျင်မြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ အ-ထ-က(တပ်နယ်) ကျောင်း အစည်းအဝေးခန်းမတွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယနေ့နံနက်ပိုင်းက အ.ထ.က(ဆယ်မိုင်) ကျောင်းတွင်လည်းကောင်း၊ မွန်းလွဲပိုင်း၌ အ.လ.က (ခွဲ) တာညုံပါဒ ကျောင်းတို့တွင် ဆောင်ရွက်သည်။

ကျုံပျော်မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် တေဇရပ်ကွက် အမက(မြေရဲမြောက်)တွင် ကျုံပျော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချိုနိုင်ဝင်း ၊ မြို့မစခန်းမှူး ဒုရဲမှူး ဝင်းထွန်းနိုင်နှင့် တာဝန်ရှိသူများသည်  ဇွန်လ ၁၅ ရက် ညနေ ၄ နာရီခွဲက ဥပဒေဆိုင်ရာ ကိစ္စရပ်များအား စိတ်ပါဝင်စားသူပြည်သူများနှင့်တွေ့ဆုံ၍ ပြည်သူအခြေအနေပြု ရဲလုပ်ငန်းစဉ်ဖြစ်သော ရပ်ရွာတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအား ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ဥပဒေဆိုင်ရာကိစ္စရပ်များ စိတ်ပါဝင်စားသူပြည်သူ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ