အမြို့မြို့အနယ်နယ်သတင်းများ

မြို့သစ်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောကို ဇွန် ၁၆ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တာချီလိတ်မြို့၌ တောင်သူနည်းပညာဆွေးနွေးပွဲနှင့် သွင်းအားစု၊ မျိုးစေ့၊ မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဒေသတွင်း တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရန်နှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ သိရှိအသုံးချနိုင်စေရန် ရည်ရွယ်၍ တောင်သူနည်းပညာဆွေးနွေးပွဲနှင့် သွင်းအားစု၊ မျိုးစေ့၊ မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မိုင်းဖုန်း (ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ကျင်းပသည်။

လက်ပံတန်း၌ တီဘီရောဂါတိုက်ဖျက်ရေးအရှိန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းနှင့်ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် ရပ်ကွက်ကျေးရွာများသို့ကွင်းဆင်း၍ တီဘီရောရှာဖွေကုသရေးလုပ်ငန်းများဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သာရဝေါကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ချောက်မြို့အ.မ.က(အေးရပ်)၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများစာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ချောက်မြို့အမှတ်(၁၃)နယ်မြေ အေးရပ် ရပ်ကွက်ရှိ အ.မ.က(အေးရပ်)၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြ‌သည်။

ငဖဲမြို့နယ် ပဒါန်းကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UIDကတ်များ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။

နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း ဇေယျာသီရိမြို့နယ်၌ ဖွင့်လှစ်သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၆) ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ်(၂/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ဦးစဝီလီဖရန့်၊ ဇေယျာသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းဖွဲ့များ တက်ရောက်ကြသည်။

တံတားမြို့တွင်ပြည်သူများအား ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး Pfizer Vaccine ဆက်လက် ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer Vaccine)ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီက ထိုးနှံခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID စနစ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ ကွင်းဆင်းကြည့်ရှု၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ‌တပ်ကုန်းမြို့နယ် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID စနစ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ ကွင်းဆင်းကြည့်ရှုသည်။

သန်လျင်မြို့နယ် ချမ်းသာသုခဆေးရုံ၊ သာမန်ထိန်းချုပ်ဆေးဝါးများ လက်လီရောင်းချခြင်း (သက်တမ်းတိုး) ကွင်းဆင်စစ်ဆေး

သန်လျင်ခရိုင် သန်လျင်မြို့နယ် ချမ်းသာသုခဆေးရုံ၊ သာမန်ထိန်းချုပ်ဆေးဝါးများလက်လီရောင်းချခြင်း (သက်တမ်းတိုး)ကွင်းဆင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မိုးနဲမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြစိုက်ခင်းများအတွက်မျိုးစေ့နှင့် ဓာတ်မြေဩဇာများ ထောက်ပံ့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ဦးစီးမှူးရုံးကကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြစိုက်ခင်းများအတွက် မျိုးစေ့နှင့်ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ ၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ