ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာ အသိပညာပေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးအတွက် အစိုးရနှင့်ပြည်သူအကြား တိုက်ရိုက်ထိတွေ့ဆက်သွယ်နိုင်ရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာ အသိပညာပေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း Public Talk ကို ယမန်နေ့နံနက် ၉ နာရီက (၅၃) ရပ်ကွက် ဦးဘိုးလှဘုရားဓမ္မာရုံ၌ ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။