မင်းလှမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက မင်းလှမြို့ မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။