အမြို့မြို့အနယ်နယ်သတင်းများ

မြို့သစ်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောကို ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းရှူးမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric (UID) စာရင်းကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အသက် (၁၀) နှစ်နှင့် အထက်ပြည့်ပြီးသော ကျောင်းသား/ ကျောင်းသူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric (UID) စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က အမှတ် (၄) ရပ်ကွက်၊အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

စေတုတ္တရာမြို့နယ်တွင်  နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားပေးအပ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၁၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်က အောက်ပုံကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

မိုင်းဆတ်မြို့၌ Placement Test (အထူးအစီအစဉ်) စာမေးပွဲ ကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အကြောင်းအမျိုးအမျိုးကြောင့် ကျောင်းပညာရေးနှင့် ဝေးကွာခဲ့သည့် ကျောင်းသား ကျောင်းသူများအား ၎င်းတို့၏ အသက်ရွယ်အလိုက် အတန်းနေရာပြန်လည်ချထားပေးနိုင်ရေး Placement Test (အထူးအစီအစဉ်) စာမေးပွဲဆန်းစစ်ခြင်းကို  အခြေခံပညာအထက်တန်းကျောင်း (မိုင်းဆတ်) တွင်  ကျင်းပလျက်ရှိကြောင်း သိရသည်။

ကံမမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇွန်လ ၁၆ ရက်နေ့ နေ့လယ် (၂) နာရီက ကျင်းပပြုလုပ်ရာ  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

နောင်ချိုမြို့နယ် အမှတ် -၂ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ဆေးကတ်ပြားနှင့် UID များ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDများပြုလုပ်ပေးခြင်းကို ဇွန်လ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်များ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ဒလမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံး၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မြန်မာအမျိုးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများအတွက် ဥပဒေကြောင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန် ၁၆ ရက်၊ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ခရမ်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်ခရိုင်၊ခရမ်းမြို့နယ်၊ အမက(မူလွန်) ဉာဏ်ကျွန်းကျေးရွာကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ် ကောင်းမွန်စေရေးပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်ကောင်းမွန်ရေးအတွက် မြို့နယ်လျှပ်စစ်၏ဓာတ်အားပေးခွဲရုံ နယ်မြေအတွင်း ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော 11 KV  ဓာတ်အားလိုင်းအား ပြုပြင်ထိန်းသိမ်းခြင်းကို ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ