ဒလမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်များ ပေးအပ်

ဒလ ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ဒလမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်း၊ တွံတေးခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းမျာက ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)