မိုင်းရှူးမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric (UID) စာရင်းကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မိုင်းရှူး ဇွန် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အသက် (၁၀) နှစ်နှင့် အထက်ပြည့်ပြီးသော ကျောင်းသား/ ကျောင်းသူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric (UID) စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က အမှတ် (၄) ရပ်ကွက်၊အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို (Grade-6) နှင့် (Grade-7) ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ခိုင်ဝင်းနှင့် ဝန်ထမ်းများက လိုအပ်သော အချက်အလက်များ စိစစ်ကောက်ယူ၍ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး ထုတ်ပေးပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းသား၊ ကျောင်းသူ (၇၀) ဦးထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းရှူး(ပြန်/ဆက်)