သာယာဝတီမြို့နယ်၌ မကူးစက်နိုင်သောရောဂါများ (NCD Clinic) ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့်ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသခြင်းလုပ်ငန်း (NCD clinic)ကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ငဖြူကလေးကျေးလက်ကျန်းမာရေးဌာန၌ ဆေးကုသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။