မြစ်သားမြို့နယ်၌ ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး ၁၀ ဦးဖြင့် (အခမဲ့) နယ်လှည့်ကွင်းဆင်းဆေးကုသမှုဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ မန္တလေးတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ကျောက်ဆည်မြို့၊ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး ၁၀ ဦးဖြင့် (အခမဲ့) နယ်လှည့်ကွင်းဆင်း ဆေးကုသဆောင်ရွက်ပေးခြင်းကို ဇွန် ၁၈ ရက်နံနက် ၈ နာရီအချိန်ကစတင်၍ ကူမဲမြို့တိုက်နယ်ဆေးရုံအတွင်း၌ လာရောက်ကုသပေးလျက်ရှိကြောင်း သိရသည်။