အိမ်မဲမြို့နယ် အခြေခံပညာကျောင်းအနီးမှစျေးဆိုင်များအား အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာ ရောင်းချခြင်းမရှိစေရေး ပူးပေါင်းစစ်ဆေး

အိမ်မဲ ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအနီးပတ်ဝန်းကျင်တွင် အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာရောင်းချမှုမရှိစေရေးအတွက် တာဝန်ရှိသူများက ပူးပေါင်း၍ ယမန်နေ့ကဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဒေါ်နီနီခိုင် ဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ပညာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျောင်းအနီး စျေးဆိုင်များတွင် အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာများအား မရောင်းချရန်မှာကြားခဲ့ပြီး ရောင်းချပါက တည်ဆဲဥပဒေများနှင့် အရေးယူသွားဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့စစ်ဆေးခြင်းများကို တာဝန်ရှိသူများပူးပေါင်း၍ အပတ်စဥ်ရှောင်တခင်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)