ရွှေသောင်ယံမြို့ရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များသို့ ရွှေသောင်ယံနယ်မြေမီးသတ်တပ်ဖွဲ့ဝင်များမှ လိုက်လံစစ်ဆေး

ရွှေသောင်ယံ ဇွန် ၁၉

 

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ရွှေသောင်ယံမြို့တွင် ရောင်းချလျှက်ရှိသော ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များအား ယနေ့ နေ့လယ် (၁၂) နာရီအချိန်က ရွှေသောင်ယံနယ်မြေမီးသတ်စခန်းမှ လက်ထောက်ဒုဦးစီးမှူး ဦးထက်ဝေအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်တို့မှ  စက်သုံးဆီများစနစ်တကျသိုလှောင် ရောင်းချမှုရှိ၊ မရှိတို့ကို လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

သို့ရာတွင် စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးချက်ပုံစံဖြင့် လိုက်လံစစ်ဆေးရာ စက်သုံးဆီရောင်းချသည့် အဆောက်အဦအမျိုးအစားများ၊ ပတ်ဝန်းကျင်တွင်ရှိသည့် အဆောက်အဦများနှင့် လုပ်ငန်းအမျိုးအစားများ၊ သိုလ်လှောင်ဖြန့်ဖြူးရောင်းချလျှက်ရှိသည့် စက်သုံးဆီအမျိုးအစားများ၊ မီးငြိမ်းသတ်ရေးပစ္စည်း ကိရိယာများထားရှိမှူရှိ၊ မရှိ၊ ရေရရှိရေးဆောင်ရွက်ထားမှုများ၊ ရေကန်များတွင် ရေဂါလံဆန့်ဝင်မှုအခြေအနေများ၊ အရောင်းဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက်ပြီး ဆိုင်ရှင်များထံ လိုအပ်သည်များမှာကြားခဲ့ကြကြောင်းသိရသည်။

ကိုကိုမောင်