မောက်မယ်မြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ထူးချွန်ထက်မြက်သောအနာဂတ် မျိုးဆက်သစ်များပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာ စေရန်ရည်ရွယ်ပြီး ယမန်နေ့နံနက် (၉) နာရီက စဥ့်ဆိုင်ကျေးရွာအုပ်စု၊ ပုန်းလောကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။