ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ချောင်းဆုံမြို့နယ် ကညှော် (အ.ထ.က) ကျောင်း၌ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန် “လူငယ်စကားဝိုင်း” ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်နှင့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို သိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် (၁၀) နာရီအချိန်က ကညှော် (အ.ထ.က) ကျောင်းခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။

မုဒုံမြို့နယ်တွင် စာကြည့်တိုက်အဆောက်အဦအသစ် ဆောက်လုပ်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဘဲရမ်း၊ နိုင်းပြိုင်ကျေးရွာများတွင် ကျေးရွာစာကြည့်တိုက် အဆောက်အဦအသစ် ဆောက်လုပ်နေသည့် အခြေအနေများကို ယနေ့နံနက် ၁၁ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွန်ဟိန်းမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ ကျောင်းသား/ ကျောင်းသူများတို့နှင့်ပူးပေါင်း၍ ကလောင်စုံရေးသားထားသည့် လူငယ်နှင့်အောင်မြင်မှုပန်းတိုင်ဆီသို့ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသော ဝါသနာတူကလပ်အသင်းအဖွဲ့များသည် ဇန်နဝါရီ ၈ ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှု လျှို့ဝှက်ချက်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။

သံဖြူဇရပ်မြို့နယ် အ.လ.က (​ကြာကန်) ​ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်​ရေးအဖြစ် ဗလငါးတန်ဖွံ့ဖြိုး​စေရေး အသိပညာ​ပေး​ဟော​ပြောခြင်း၊ နံရံကပ်စာ​စောင်နှင့်စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အ.လ.က (​ကြာကန်) ​ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ကျောင်းသူများ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၇၇နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းဆောင်ရွက်

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ လူထုအခြေပြုဗဟိုဌာန ခန်းမနေရာ၌ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခဲ့ကြသည်။

ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်၊ စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင် ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံး (Community Centre) တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဆောင်ရွက်ခဲ့ရာ အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ