ကျောက်မဲမြို့ရှိ အခြေခံပညာကျောင်းများ၌ စာပေဟောပြောပွဲများ ကျင်းပ

​ကျောက်မဲ ဇွန် ၃၀

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာပေဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ရပ်ကွက် (၈) ရှိ အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပသည်။

​အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ စာရေးဆရာ ဇာဏီဟိန်း(သီပေါ)က "ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့" ခေါင်းစဉ်ဖြင့် စာပေဟောပြောကာ ၎င်းရေးသားသည့် ခရီးသွားမှတ်တမ်းစာအုပ်ကို ကျောင်းစာကြည့်တိုက်အတွက် အမှတ်တရလက်ဆောင် ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုမွန်းမွန်းနှင်းက လက်ခံရယူသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဌေး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးခန့် တက်ရောက်ကြသည်။

​အလားတူ စာရေးဆရာ ဇာဏီဟိန်း(သီပေါ)သည် ကျောက်မဲမြို့ပေါ်ရှိ အမှတ်(၃) အထက၊ အမှတ်(၄) အထကနှင့် အလက(၃) ကျောင်း(ခွဲ) တို့၌လည်း အဆိုပါခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲများကို ဆက်လက်ကွင်းဆင်းဟောပြောခဲ့ကြောင်း သိရသည်။

​(ခရိုင် ပြန်/ဆက်)