ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့  စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြင့်တင်ရေး ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ရန် မအားလပ်သည့် ပြည်သူ့ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများအား စာအုပ်/စာစောင်များ လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာနှင့် ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်/စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက သွားရောက် ငှားရမ်းပေးခဲ့သည်။

ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့် အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ​မြေပြင်၌ အမှန်တကယ်ရှင်သန်လျက်ရှိသော ကျေးရွာစာကြည့်တိုက်များအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်ကော်မတီဝင်များအားတွေ့ဆုံ၍ မြေပြင်အခြေအနေ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပိန်းနဲကုန်းကျေးရွာအုပ်စု သိမ်ဖြူကုန်းကျေးရွာရှိ ပညာဗိမာန် စာကြည့်တိုက်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေးအသိပညာပေးလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန်ရည်ရွယ်၍ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရပ်စောက်၌ (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများအသိပညာဗဟုသုတများ တိုးပွါးစေရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှာရမ်းပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ ရုံးစာရေးသားနည်းသင်တန်းဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ရုံးစာရေးသားနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

နွေရာသီ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်စကားပြော၊ ကိုရီးယားစကားပြော၊ စစ်တုရင်နှင့် ပန်းချီသင်တန်း ဆင်းပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်စကားပြော၊ ကိုရီးယားစကားပြော၊ စစ်တုရင်နှင့် ပန်းချီသင်တန်းဆင်းပွဲကို ယနေ့နံနက် (၉) နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။

လွိုင်လင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွိုင်လင်ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန ခန်းမတွင်ကျင်းပပါသည်
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ