လဲချားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် မူးယစ်ဆေးနှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အသိပညာပေး Talk Show ဆောင်ရွက်

လဲချား ဇွန် ၁၄ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်၊ မူးယစ်ဆေးနှင့်ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့် အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဉီးစီးအရာရှိ​ ဒေါ်ခင်ချိုထွေးက ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက်ရည်ရွယ်၍ အသိပညာပေး (Talk Show)များ ကျင်းပပြုလုပ်ရခြင်းကို ပြောကြားခဲ့ပြီး (G-11)မှ မောင်အောင်ပိုင်ဉီးမူးယစ်ဆေးဆိုဘာလည်း၊ မူးယစ်ဆေးဝါးအုပ်စု ဘယ်နှစ်အုပ်စုရှိသလဲ၊ မူးယစ်ဆေးအမျိုးအစားက ဘာတွေလည်း အကြောင်းအရာများအားလည်းကောင်း၊ (G-11)မမေသက်ပိုင်မှ မူးယစ်ဆေးသုံးစွဲသူတွေက ဘယ်လိုလက္ခဏာတွေဖြစ်ပေါ်တတ်သလဲ၊ လူငယ်အချို့ဘာကြောင့်မူးယစ်ဆေးဝါးကိုသုံးစွဲ နေကြသလဲစသည်ဖြင့် တစ်ဦးချင်းဆွေးနွေးမှုများအပေါ် ဉီးစီးအရာရှိမှပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 လဲချား(မြို့နယ်၊ပြန်/ဆက်)