ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ပြင်ပဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

ရှမ်းရွာသစ်   ဇွန်   ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဒေသနေပြည်သူများ စာဖတ်ရှိန်မြင့်မားပြီး အသိ ပညာဗဟုသုတတိုးပွားစေရေးအတွက် နယ်လှည့်စာကြည့် တိုက်စနစ်ဖြင့်  စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ ဦးစီးမှူးနှင့်ဝန်ထမ်းများက ဒေသနေပြည်သူများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရန်၊ ဗဟုသုတတိုးပွားစေရန်အတွက် ပြင်ပစာအုပ်စာပေများကိုပါ လေ့လာဖတ်ရှုကြရန်နှင့် စာပေများကို ဖတ်ရှုလေ့လာမှတ်သားသည့် အလေ့အကျင့်ရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် နယ်လှည့်စာကြည့် တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ အများဆုံးနှစ်သက်သည့် တိုင်းရင်းသားရုပ်ပုံပြစာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း၊ နယ်လှည့်စာကြည့်တိုက်ကို အခြေခံပညာကျောင်းများသို့ကွင်းဆင်း၍ အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)