အင်တောမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

အင်တော ဇွန် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊‌ အင်တောမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ပန်းချီပြပွဲကို ယနေ့ နံနက် (၁၀) နာရီက  ကျင်းပသည်။

ရှေးဦးစွာ အင်တောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးမှူး ဒေါ်လှလှထွေးက ပြိုင်ပွဲကျင်းပဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့်စည်းကမ်းများကို ပြောကြားပြီး  ဆေးလိပ်၊ ကွမ်းမှအစ စမ်းသပ်မသုံးဆွဲကြရန်၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အဓိကအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲရောဂါဖြစ်တတ်သည့်  ရောဂါအကြောင်းများ ဟောပြောသည်။

ပန်းချီပြိုင်ပွဲတွင် အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၈) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးမှူးနှင့် ဆရာမများက ဆုများ အသီးသီးချီးမြှင့်သည်။

အောင်ခိုင်(ပြန်/ဆက်)