ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

စုကလိမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်ပြဘုတ်ပြသ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ နေပြည်သူများအား ယာဉ်အန္တရာယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းအနေဖြင့် “သတိပြုမောင်းနှင်ကြမယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖွယ်” ခေါင်းစဉ်ဖြင့် နံရံကပ်ပြဘုတ်ကို ယမန်နေ့နံနက်ပိုင်းက စုကလိမြို့ ပြည်သူ့စာကြည့်တိုက်တွင်ပြသခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများအား သတင်းရေးသားနည်းသင်တန်းအား Online ဖြင့် ဖွင့်လှစ်ပို့ချ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား Zoom Meeting ဖြင့် သတင်းရေးသားနည်းသင်တန်းကိုယနေ့ နေ့လယ်(၁) နာရီအချိန်က ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။

စစ်တွေမြို့၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

ကော့ကရိတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အခြေခံသတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက အခြေခံသတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်ခဲ့သည်။

မိုင်းခုတ်မြို့၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရရှိပြီး လူရည်ချွန်၊ လူရည်မွန်များဖြစ် လာစေရန်နှင့် ကျောင်းပိတ်ရက် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊‌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်း

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းပြုလုပ်

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်စာပေချစ်မြတ်နိုးသူများအဖွဲ့ ( Youth Club )နှင့်စာဖတ်ဝိုင်းကို စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု” စာအုပ်ဖြင့် ယမန်နေ့ ညနေ ၃ နာရီအချိန်က အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်မဲမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ အထိမ်း အမှတ်အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ မူလတန်းကြိုကျောင်းခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက် ရေး(၁၆)ရက်တာ အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့ရာ ကျောက်မဲမြို့အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်‌ရေးအသင်းမှ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်းမှ ဆရာ/ဆရာမများတက်ရောက်ခဲ့ကြောင်းသိရသည်။

မအီမြို့ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)၌ ရသဥယျာဉ် စကားဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များနှင့် ကျေးလက်နေပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်၊ နေ့စဉ် ထိတွေ့ဖြတ်သန်းနေရသည့် လူမှုဝန်းကျင်တွင် ကိုယ်ချင်းစာတရားဖြင့် ယုတ္တိတန်စွာ ဓမ္မဓိဋ္ဌာန်ကျကျ ဆုံးဖြတ်ဆက်ဆံနိုင်စေရန်နှင့် အများအကျိုး ရပ်ရွာအကျိုးသယ်ပိုးစေနိုင်ရန် ရည်ရွယ်၍ "ပရဟိတသမား" ဟူသောခေါင်းစဉ်ဖြင့် ရသဥယျာဉ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

မြဝတီခရိုင်၌ မူးယစ်ဆေးဖြတ်သူများပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေး (Talk Show) ပြုလုပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မူးယစ်ဆေးဖြတ်သူများပြန်လည်ထူထောင်ရေးစခန်းတို့ပူးပေါင်း၍ ယမန်နေ့လယ် ၁ နာရီကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ