ဘားအံခရိုင် Community Centre ခန်းမတွင် “ဒို့မိသားစုအချက်အလက်တွေမှန်ကန်ဖို့ ဒို့တွေအားလုံးပူးပေါင်းစို့” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ဘားအံ ဒီဇင်ဘာ ၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “ဒို့မိသားစုအချက်အလက်တွေမှန်ကန်ဖို့ ဒို့တွေအားလုံးပူးပေါင်းစို့” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို နိုဝင်ဘာလ ၃၀ ရက်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲ Talk Show တွင်  ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနောင်က “အိမ်ထောင်စုလူဦးရေစာရင်း အချက်အလက်တွေမှန်ကန်မှ လူမှုဘဝစိတ်ချရ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာတွင် ကရင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် မြို့နယ်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်) အမှတ် များ၊ အိမ်ထောင်စုလူဦးရေစာရင်းများအား e-ID အတွင်းသို့ ရေးသွင်းရာတွင် အချို့သောသူများမှာ အိမ်ထောင်စုလူဦးရေစာရင်း/မှတ်ပုံတင်များ (၁)ခုထက် ပိုမိုကိုင်ဆောင်နေသေူများ တွေ့ရှိရသဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့်အညီ ပိုမိုကိုင် ဆောင်ထားသည့် အိမ်ထောင်စု လူဦးရေစာရင်းများ၊ မှတ်ပုံတင်များဝန်ကြီးဌာနမှ ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီ အဆင့်ဆင့်ပယ်ဖျက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)ပါ အချက်အလက်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များ တစ်ဦးချင်း စစ်ဆေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကွဲလွဲနေမှုများအကြောင်း၊ မိမိမိသားစု အချက်အလက်တွေ မှန်ကန်ဖို့ အားလုံးပူ‌ပေါင်း ပါဝင်ကူညီကြရန်နှင့် အိမ်ထောင်စုလူဦးရေစာရင်း အချက်အလက်တွေမှန်ကန်မှ မိမိလူမှုဘဝ စိတ်ချရမှာဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်း အချက်အလက်တွေ မှန်ကန်ခြင်းအားဖြင့် ရရှိနိုင်မည့် လူမှုဘဝအကျိုးကျေးဇူးများအကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များ ငှားရမ်းပေးသည့် ဝန် ဆောင်မှုလုပ်ငန်းများအပြင် ဒေသအတွင်းရှိ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဗဟုသုတဖြစ်စေမည့် အသိပညာပေးအကြောင်းအရာများကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)