ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ပေါက်ခေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အထက(ပေါက်ခေါင်း)တွင် လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်‌နေ့ နံနက် ၉ နာရီခွဲက အထက(ပေါက်ခေါင်း)ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံခရိုင် Community Centre ခန်းမတွင် “ဒို့မိသားစုအချက်အလက်တွေမှန်ကန်ဖို့ ဒို့တွေအားလုံးပူးပေါင်းစို့” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Comm unity Centre ခန်းမတွင် “ဒို့မိသားစုအချက်အလက်တွေမှန်ကန်ဖို့ ဒို့တွေအားလုံးပူးပေါင်းစို့” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို နိုဝင်ဘာလ ၃၀ ရက်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သထုံခရိုင်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေပွဲ(Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စု၊ သထုံတို့ပူးပေါင်းကာ ယနေ့နံနက်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show)အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့သည်။

နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ စာအုပ်စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်း က Mobile Library ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ၌ စာဖတ်ဝိုင်း ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Center) ၌ နိုဝင်ဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီခွဲက စာပေ အသိပညာတိုးပွားစေရန်နှင့် ဗဟုသုတရရှိနိုင်စေရန် ရည်ရွယ်၍စာဖတ်ဝိုင်း ပြခဲ့ကြောင်းသိရသည်။

မိုင်းငေါ့မြို့တွင် ကျောင်းသား၊ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် နယ်လှည့် ဟောပြောပွဲကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီ အချိန်က အ.မ.က ကျောင်းသို့ရောက်ပြီး အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ သည်။

လိပ်သိုမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အမှတ်(၁)ရပ်ကွက်ရှိ စာဖတ်သူများထံသို့ စာအုပ် စာစောင်များ ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ စာဖတ်ခြင်းအလေ့ အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို  ယနေ့နေ့လယ် ၁၁ နာရီအချိန်က  နယ်လှည့်စာကြည့်တိုက်ကို လိပ်သိုမြို့ အမှတ်(၁) ရပ်ကွက်သို့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများတွင် သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်ခန့်က မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။

ကော့ကရိတ်မြို့၌ ကော်ဖီတိုးချဲ့စိုက်ပျိုးရေးအတွက် အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ တောင်သူများကို ကော်ဖီတိုးချဲ့စိုက်ပျိုးရေးနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “ဝ”တိုင်းရင်းသားတို့၏ ရိုးရာအက ရိုက်ကူးထုတ်လွှင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများ၊ အကများကို လေးစားလိုက်နာတတ်စေရန် ရည်ရွယ်၍ “ဝ”တိုင်းရင်းသားတို့၏ ရိုးရာအကများ ရိုက်ကူးခြင်းကို ယမန်နေ့ ညနေပိုင်းအချိန်က ရိုက်ကူးခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ