ကော့သောင်းမြို့၌ MEVM မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများအား မဲဆန္ဒနယ်အသီးသီးသို့ ပို့ဆောင်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဒီဇင်ဘာ၂၈ရက်နေ့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆောင်ရွက်ရန် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများအား ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် သတ်မှတ်မဲဆန္ဒနယ်အသီးသီးသို့ ပို့ဆောင်ခဲ့သည်။