သရက်ချောင်း ဒီဇင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅-၂၀၂၆ခုနှစ်၊ နွေစပါး၊ ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နေကြာ)စံပြကွက်နှင့် ဆောင်းသီးနှံစိုက်ပျိုးသည့် အကျိုးဆောင်တောင်သူများအား (ပဉ္စမအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက ၂၀၂၅-၂၀၂၆ခုနှစ်၊ နွေစပါး၊ ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နေကြာ)စံပြကွက်နှင့် ဆောင်းသီးနှံစိုက်ပျိုးသည့်အကျိုးဆောင်တောင်သူများအား (ပဉ္စမအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် တာဝန်ရှိသူများမှ တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ကာအခမ်းအနားရုတ်သိမ်းလိုက်ကြောင်းသိရပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ နွေစပါး၊ ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နေကြာ)စံပြကွက်နှင့် ဆောင်းသီးနှံ စိုက်ပျိုးသည့်အကျိုးဆောင်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာတစ်အိတ်လျှင် ၄၈၅၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၈၀ အိတ်ကို ကျေးရွာ ၁၁အုပ်စုရှိ တောင်သူ ၄၀ ဦးအား စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)