တနင်္သာရီတိုင်းဒေသကြီး

ကော့‌‌သောင်းမြို့တွင် မဲရုံမှူး၊ဒုရဲမှူး၊(အရန်မဲရုံမှူး)နှင့် မဲရုံအဖွဲ့ဝင်တာဝန် အသီးသီး ထမ်းဆောင်မည့်သူများအား လုပ်ငန်းညှိနှိုင်းဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေ‌ထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်  ကော့သောင်းမြို့နယ်ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးရှိ မဲရုံများတွင် တာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား လုပ်ငန်းညှိနှိုင်း‌ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။

ဘုတ်ပြင်းမြို့နယ်အတွင်း တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဘုတ်ပြင်းမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မဲစာရင်းများကို တတိယအကြိမ်အဖြစ် ဒီဇင်ဘာလ ၂၃ ရက် နံနက်မှ စတင်ကပ်ထားကြေညာပေးရာ မဲဆန္ဒရှင် ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိသည်။

ကရသူရိမြို့၌ မဲရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ လ ၂၄ ရက် နံနက် ၁၁ နာရီက စစ်​ဆေးဆောင်ရွက်ခဲ့ကြသည်။

မြိတ်မြို့တွင် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း ဆင်းပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အရည်အသွေးများ ပိုမိုတိုးတက်လာပြီး ဒေသတွင်းသို့ လာရောက်ကြမည့် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များအား ပြည့်စုံကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးနိုင်ကြစေ ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသော ဟိုတယ်ဆိုင်ရာ ဧည့်ကြို/ အိပ်ခန်းဆောင်ထိန်းသိမ်းမှု/ အစားအစာနှင့်အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေး ဝန်ဆောင်မှု (Level-1) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉) နာရီက Hotel Grand Jade ခန်းမတွင် ကျင်းပသည်။

ကော့သောင်းမြို့၌ တတိယကြိမ် မဲစာရင်းများ ကပ်ထားကြေညာ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့ကစ၍ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါမဲစာရင်းကပ်ထားမှု ကြေညာထားရှိမှုများအား မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိသည်။

သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းမှ ကလေးသူငယ်များအား ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းမှ ကလေးသူငယ်များအား ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ သရက်ချောင်းမြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီမြို့နယ်၌ မဲဆန္ဒရှင်စာရင်းအား တတိယအကြိမ် ကပ်ထားကြေညာ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ယနေ့နံနက်ပိုင်းက မဲဆန္ဒရှင်စာရင်းများအား တတိယအကြိမ် ကပ်ထားကြေညာခဲ့ရာ ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ်သူနာပြုသင်တန်းကျောင်း၏အပတ်စဉ် (၂၉) သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်သူနာပြုသင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မီနီမာရသွန်ပြိုင်ပွဲအား ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလလှုပ်ရှားမှုအဖြစ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ထားဝယ်ဒေသ မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စုရပ်ဖြစ်သော ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး