တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြိတ်မြို့ မြို့မအားကစားကွင်းတွင် ဘောလုံးကွင်းအသစ် မြေနေရာတိုးချဲ့ ရွှေ့ပြောင်းဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မတ် ၂၆ နံနက် ၁၁ နာရီက မြိတ်မြို့ မြို့မအားကစားကွင်းတွင် ဘောလုံးကွင်းအသစ် မြေနေရာတိုးချဲ့ ရွှေ့ပြောင်းရန်အတွက် မြေနေရာရှင်းလင်းခြင်း၊ ဘောလုံးကွင်း တည်ဆောက်ခြင်းနှင့် အားကစားကွင်းခြံစည်းရိုး ကာရံခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကရသူရိမြို့၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မတ်လ(၂၇)ရက်နေ့တွင် ကျ‌ရောက်မည့်(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ်လ ၂၆ ရက်နံနက် ၉ နာရီတွင် အမှတ်(၂)ရပ်ကွက် ပြည်ထောင်စုကားလမ်းမကြီး၌ ဖြန့်ဝေပေးခဲ့သည်။

ကော့သောင်းမြို့သို့ နေရပ်ပြန်မြန်မာရွေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်

ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား၊ မြန်မာနိုင်ငံသား အမျိုးသား ၆၇ ဦး၊ အမျိုးသမီး၂၁ ဦး၊ စုစုပေါင်း၈၈ ဦးအား ယမန်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့၊ အခြေစိုက်အလုပ်သမားသံအရာရှိက ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ၊ကော့သောင်းမြို့မှတာဝန်ရှိသူများထံသို့ ရေလမ်းခရီးဖြင့် လွှဲပြောင်းပေးအပ်ခဲ့ရာ ကော့သောင်းခရိုင်နှင့် မြို့နယ်မှသက်ဆိုင်ရာဌာနအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျလွှဲ‌ပြောင်း လက်ခံဆောင်ရွက်ခဲ့ကြသည်။

ကျွန်းစုမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့်(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မတ်လ ၂၄ ရက်နေ့ ညနေပိုင်းက ကျွန်းစုမြို့၊ မြို့ပေါ်ရပ်ကွက် များအတွင်း ဖြတ်သန်းသွားလာနေသော ဒေသခံများအား  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့ထိ ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး အစည်းအဝေးကို မတ် ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ကျင်းပရာ အခမ်းအနားသို့ ဩဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာက ဆရာတော်များ၊ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပရေးအမှု‌ဆောင်ဆရာတော်များ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပ

၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပလောက်မြို့တွင် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် မြို့အတွင်းရှိ ဈေးများ၊ လူစည်ကားရာနေရာများ၊ လူနေရပ်ကွက်များ သို့သွားရောက်၍ (၈၁) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲက မြို့အတွင်း လိုက်လံဖြန့်ဝေခဲ့ကြ သည်။

ကျွန်းစုမြို့တွင် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး အရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်း စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက စက်သုံးဆီ သိုလှောင်ဖြန်းဖြူးအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များကို ကွင်းဆင်း စစ်ဆေးခဲ့သည်။

ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိ ပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊   မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များအား ပြသဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက အပူဒဏ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်၌ ဆလုံနှစ်သစ်ကူးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဆလုံစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ပူးပေါင်းကျင်းပသော တနင်္သာရီ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် ဆလုံလူမျိုးများ၏ ဒုတိယအကြိမ်မြောက် ဆလုံနှစ်သစ်ကူးပွဲတော်ကို ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ မကြုံကလက်ကျေးရွာ၌ မတ်လ (၂၃)ရက်နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး