တနင်္သာရီတိုင်းဒေသကြီး

ကော့သောင်းမြို့၌ နိုင်ငံတော်မှချီးမြှင့်သည့် သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ရွှေတောင်ကုန်းဆရာတော်အား ဂုဏဝိသိဋ္ဌပူဇော်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့တွင်  နိုင်ငံတော်မှချီးမြှင့်သည့် သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ရွှေတောင်ကုန်းဆရာတော်အား ဂုဏဝိသိဋ္ဌပူဇော်ပွဲအခမ်းအနားကို မတ်  (၂၉) ရက် နံနက်ပိုင်းက ရွှေပြည်သာရပ်ကွက်၊ရွှေတောင်ကုန်းသာသနာ့ရိပ်သာကျောင်း၌ ကျင်းပသည်။

ပလောက်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် (၁)နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပလောက်မြို့ပြည်သူ့ကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများမှ မြို့ပေါ် (၄) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁) နှစ်ခွဲအောက် ကလေးငယ်များအား ယနေ့နံနက် (၉) နာရီကစတင်ပြီး လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို အဆိုပါ ပြည်သူ့ကျန်းမာရေးဌာနရုံးခန်းတွင် ဆောင်ရွက်သည်။

ကော့သောင်းမြို့တွင် ( ၂၀၂၆) ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ( ၂၀၂၆) ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်(၂၉)ရက်မှ ဧပြီ(၄) ရက်အထိ ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ကျင်းပလျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းစာဖြေဌာနများ၌ ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ၂၃ ရက်မှ ဧပြီ ၄ ရက် အထိ ကျင်းပနေသော အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးမှုရေးရာဝန်ကြီးဦးသက်နိုင်က  ထားဝယ်စာဖြေဌာနသို့ လာရောက်ကြည်ညိုစဉ် စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများအားလှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ်လှူဒါန်းသည်။

ဘုတ်ပြင်းမြို့၌ နိုင်ငံတော်မှချီးမြှင့်သော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဖြစ်သည့် သာသနဓ ဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် နိုင်ငံတော်မှချီးမြှင့်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် သာသနဓဇဓမ္မစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော် အရှင်ဓမ္မ ဉာဏအား ဂုဏဝိသိဋ္ဌပူဇာ သဘင်အခမ်းအနားကို ယနေ့နံနက်က ကမာချောင်းကျေးရွာအုပ်စု၊ အေးချမ်းမြိုင်(၂)ကျေးရွာ အောင်သုခကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျွန်းစုမြို့နယ်ရှိ တည်ဆောက်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် လမ်းဦးစီးဌာန၊ တံတား ဦးစီးဌာန၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မတ် ၂၈ ရက်က ကျွန်းစုမြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့(တနင်္သာရီ)မှ ဆောင်ရွက်လျက်ရှိသော လမ်းလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

မြိတ်မြို့နယ်တွင် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁၁) သင်တန်းဆင်းပွဲကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် နယ်စပ်ဒေသရှိတိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရေး၊ စီးပွားရေးအထောက်အကူပြုအတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစုဘဝတိုးတက်မြင့်မားစေရေးအတွက် ဖွင့်လှစ်လျက်ရှိသော အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁၁) သင်တန်းကို မတ် ၂၆ ရက်နေ့ နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းတွင် သင်တန်းဆင်းပွဲကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြိတ်မြို့ မြို့မအားကစားကွင်းတွင် ဘောလုံးကွင်းအသစ် မြေနေရာတိုးချဲ့ ရွှေ့ပြောင်းဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၁၁)နာရီက မြိတ်မြို့ မြို့မအားကစားကွင်းတွင် ဘောလုံးကွင်းအသစ်မြေနေရာတိုးချဲ့ရွှေ့ပြောင်းရန်အတွက် မြေနေရာရှင်းလင်းခြင်း၊ ဘောလုံးကွင်းတည်ဆောက်ခြင်းနှင့် အားကစားကွင်းခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီသင်တန်းများဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်အနား ကျင်းပ

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏စီမံမှုဖြင့် ကျောင်းနေအရွယ်ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုတန်ဖိုးရှိရှိအသုံးချတတ်စေရန်ရည်ရွယ်၍ နွေရာသီသင်တန်းများဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်အနားကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ကျွန်းစုမြို့နယ်၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်းနှင့် ကျောင်းပဒေသာကပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၅ခုနှစ် မေလ(၂)ရက်နေ့မှ ၂၀၂၆ခုနှစ်၊ မတ်လ (၃၁)ရက်နေ့အထိ မူလတန်းကြို ပညာသင်ယူပြီးမြောက်သော သားငယ်၊ သမီးငယ်လေးများအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်းနှင့် ကျောင်းပဒေသာကပွဲကို မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရှိ မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး