ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိ ပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်

ပလောက် မတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊   မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များအား ပြသဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက အပူဒဏ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါနံရံကပ်စာစောင်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှထုတ်ဝေထားသည့် အပူဒဏ်အန္တရာယ်ကာကွယ်ရေး သိကောင်းစရာများ၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်များ၊ အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များနှင့် သတိပြုလိုက်နာရမည့်အချက်များ၊ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအချက်များ၊ ပူပြင်းသော အချိန်ကာလရောက်ရှိလာပြီဖြစ်သည့်အတွက် ကလေးငယ်များတွင် အပူဒဏ်ကြောင့် ဖြစ်သောရောဂါများ၊ စသည့်အချက်များ ပါဝင်သော နံရံကပ်ပြဘုတ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ပြသဆောင်ရွက်ထားကြောင်း သိရသည်။

ပလောက်(ပြန်/ဆက်)